fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027

Outstanding Fees

Outstanding Fees
March 17, 2021 Akar

(Unicode)

Mandalay International Science Academy အပေါ် ယုံကြည်စိတ်ချစွာဖြင့် ကူညီ လက်တွဲခဲ့သည့်အတွက် ကျေးဇူး အထူးတင်ရှိပါ‌ကြောင်း ဦးစွာ ပြောကြားလိုပါသည်။ အထူးသဖြင့် အခက်အခဲမျိုးစုံ ကြုံတွေ့ကြရသော ယခု စာသင်နှစ်တွင် လူကြီးမင်းတို့၏ ပံ့ပိုးကူညီအားပေးမှုကြောင့်သာ လူကြီးမင်းတို့၏ ရင်သွေးများ ပညာရေးအဆက်မပြတ်စေရန်အတွက် ကျောင်းဘက်မှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါသည်။ လူကြီးမင်းတို့၏ကလေးများ အိုးမကွာအိမ်မကွာ ကျန်းမာရေးအတွက် ပူပင်ရန်မရှိဘဲ online မှ စာ ဆက်လက် သင်ယူနိုင်ကြစေရန် လူကြီးမင်းတို့ မိဘများဘက်မှ အားကြိုးမာန်တက် ကူညီပံ့ပိုးပေးမှုများအား အထူးပင် ကျေးဇူးတင်မိပါသည်။

လူကြီးမင်းတို့ အစဉ်တစိုက် ကူညီပေးခဲ့ကြသည့်အတွက် အခက်အခဲ မျိုးစုံ ကြားမှပင် ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တစ်နှစ်တာ အောင်မြင်စွာ ပြီးဆုံးတော့မည် ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများအတွက် မည်သည့်နည်းနှင့်မျှ ပညာရေး မနှောင့်နှေးနေသင့်ဟု ယုံကြည်ပါသည်။ ကျောင်းအနေဖြင့်လည်း ရရှိနိုင်သည့် အခွင့်အလမ်း မှန်သမျှအား အသုံးပြုကာ ပညာရေး မ‌နှောင့်နှေးစေရန် တတ်စွမ်းနိုင်သမျှ အကောင်းဆုံး စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ မည်မျှပင် ခက်ခဲပါစေ ပညာရေး အဆက်မပြတ်စေရန်အတွက် တာဝန်ကျေပွန်ခဲ့ကြပါသော မိဘများ၊ ကျောင်းသားကျောင်းသူများ ဆရာဆရာမများ အားလုံးတို့အတွက် အထူးဂုဏ်ယူမိပါသည်။ Cambridge International သင်ရိုးများသင်ယူကြသည့် ကျောင်းသားများ ရှိသင့်ရှိထိုက်သော ဂုဏ်အရည်အချင်းများဖြစ်သည့် ကိုယ့်အားကိုယ်ကိုး တာဝန်သိတတ်မှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ တီထွင်ဖန်တီးတတ်မှု စသည်တို့အား နည်းလမ်းမျိုးစုံဖြင့် ပျိုးထောင်ပေးဖြစ်သည့် အခွင့်အလမ်းများ ပေါ်ရာ ပညာသင်နှစ်ဟုလည်း ဆိုနိုင်ပါသည်။

မကြာမီ စတင်တော့မည့်‌ နွေရာသီပိတ်ရက်ရှည်တွင် ကျောင်းသားကျောင်းသူများ ပညာရေး အဆက်မပြတ်နေစေရန် ရည်ရွယ်လျက် ကျောင်းအနေဖြင့် အခမဲ့ Online သင်ခန်းစာများ စီစဉ်ပေးသွားပါမည်။ စိတ်ပါဝင်စားသူ မည်သူမဆို သူတို့အားသည့်အချိန်တွင် အဆိုပါ Online သင်ခန်းစာများကို လေ့လာသင်ယူနိုင်ပါမည်။ လိုအပ်ချက် ရှိသော ကျောင်းသားကျောင်းသူများအတွက်မူကား မဖြစ်မနေ တက်ကြရန် ကျောင်းဘက်မှ သီးသန့် ဆက်သွယ် အကြောင်းကြားပေးပါမည်။

အခြေအနေ အကြောင်းကြောင်းကြောင့် ကျောင်းပရဝဏ်တွင် ပုံမှန်အတိုင်း ကျောင်းမဖွင့်ဖြစ်သည်မှလွဲ၍ သတ်မှတ်သင်ရိုးညွှန်းတမ်းအတိုင်း အတတ်နိုင်ဆုံး ပြည့်မီအောင် သင်ကြားပေးခဲ့နိုင်သည့်အတွက်လည်း ကျောင်းအနေဖြင့် ဂုဏ်ယူမိပါသည်။

ယခုကဲ့သို့ ကျောင်း ဆက်လည်ရပ်တည် လည်ပတ်နို်င်ခဲ့ခြင်းမှာ လူကြီးမင်းတို့ ကျောင်းသားမိဘများ၏ ပံ့ပိုးကူညီမှုကြောင့်သာ ဖြစ်ပါသည်။ ကျောင်းအနေဖြင့် ဆရာ၊ဆရာမ၊ ဝန်ထမ်းများအား လခပေးခြင်း၊ အခြားကုန်ကျစရိတ်များ ပေးချေခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသားများအတွက် ပေးသွင်းသော ကျောင်းသင်တန်းကြေးကိုသာ မှီခိုရပါသည်။ ယခုလို အခက်အခဲကိုယ်စီ ရှိကြမည့်ကာလတွင် ငွေကြေးကိစ္စအား တတ်နိုင်သမျှ မပြောလိုသော်လည်း ကျောင်း ဆက်လက် ရပ်တည် လည်ပတ်နိုင်စေရေး၊ ကျောင်းဘက်မှ ဆရာဆရာမ ဝန်ထမ်းလခများအပါအဝင် အထွေထွေ ပေးချေရန်ရှိသေးသည်တို့အား ပေးချေနို်င်ရေးတို့အတွက် လူကြီးမင်းတို့၏ ကူညီပံ့ပိုးပေးမှုဖြင့်သာ ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သို့အတွက်ကြောင့် ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပေးချေရန် ကျန်ရှိနေသေးသော ကျောင်းလခ သင်တန်းကြေးများအား ၂၅. ၃. ၂၀၂၁ မတိုင်မီအချိန်အတွင်း ပေးချေပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

လူကြီးမင်းတို့ နားလည်ပေးကာ ပူးပေါင်းကူညီကြမည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

လေးစားစွာ
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
Mandalay International Science Academy
လူကြီးမင်းတို့ နားလည်ပေးကာ ပူးပေါင်းကူညီကြမည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

 

 

(zawgyi)

Mandalay International Science Academy အေပၚ ယုံၾကည္စိတ္ခ်စြာျဖင့္ ကူညီ လက္တြဲခဲ့သည့္အတြက္ ေက်းဇူး အထူးတင္ရွိပါ‌ေၾကာင္း ဦးစြာ ေျပာၾကားလိုပါသည္။ အထူးသျဖင့္ အခက္အခဲမ်ိဳးစုံ ၾကဳံေတြ႕ၾကရေသာ ယခု စာသင္ႏွစ္တြင္ လူႀကီးမင္းတို႔၏ ပံ့ပိုးကူညီအားေပးမႈေၾကာင့္သာ လူႀကီးမင္းတို႔၏ ရင္ေသြးမ်ား ပညာေရးအဆက္မျပတ္ေစရန္အတြက္ ေက်ာင္းဘက္မွ စီစဥ္ေဆာင္ရြက္ေပးနိုင္ျခင္း ျဖစ္ပါသည္။ လူႀကီးမင္းတို႔၏ကေလးမ်ား အိုးမကြာအိမ္မကြာ က်န္းမာေရးအတြက္ ပူပင္ရန္မရွိဘဲ online မွ စာ ဆက္လက္ သင္ယူနိုင္ၾကေစရန္ လူႀကီးမင္းတို႔ မိဘမ်ားဘက္မွ အားႀကိဳးမာန္တက္ ကူညီပံ့ပိုးေပးမႈမ်ားအား အထူးပင္ ေက်းဇူးတင္မိပါသည္။

လူႀကီးမင္းတို႔ အစဥ္တစိုက္ ကူညီေပးခဲ့ၾကသည့္အတြက္ အခက္အခဲ မ်ိဳးစုံ ၾကားမွပင္ ယခု ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ တစ္ႏွစ္တာ ေအာင္ျမင္စြာ ၿပီးဆုံးေတာ့မည္ ျဖစ္ပါသည္။ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ မည္သည့္နည္းႏွင့္မၽွ ပညာေရး မေႏွာင့္ေႏွးေနသင့္ဟု ယုံၾကည္ပါသည္။ ေက်ာင္းအေနျဖင့္လည္း ရရွိနိုင္သည့္ အခြင့္အလမ္း မွန္သမၽွအား အသုံးျပဳကာ ပညာေရး မ‌ေႏွာင့္ေႏွးေစရန္ တတ္စြမ္းနိုင္သမၽွ အေကာင္းဆုံး စီစဥ္ေဆာင္ရြက္နိုင္ခဲ့ၾကပါသည္။ မည္မၽွပင္ ခက္ခဲပါေစ ပညာေရး အဆက္မျပတ္ေစရန္အတြက္ တာဝန္ေက်ပြန္ခဲ့ၾကပါေသာ မိဘမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား ဆရာဆရာမမ်ား အားလုံးတို႔အတြက္ အထူးဂုဏ္ယူမိပါသည္။ Cambridge International သင္ရိုးမ်ားသင္ယူၾကသည့္ ေက်ာင္းသားမ်ား ရွိသင့္ရွိထိုက္ေသာ ဂုဏ္အရည္အခ်င္းမ်ားျဖစ္သည့္ ကိုယ့္အားကိုယ္ကိုး တာဝန္သိတတ္မႈ၊ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ၊ တီထြင္ဖန္တီးတတ္မႈ စသည္တို႔အား နည္းလမ္းမ်ိဳးစုံျဖင့္ ပ်ိဳးေထာင္ေပးျဖစ္သည့္ အခြင့္အလမ္းမ်ား ေပၚရာ ပညာသင္ႏွစ္ဟုလည္း ဆိုနိုင္ပါသည္။

မၾကာမီ စတင္ေတာ့မည့္‌ ေႏြရာသီပိတ္ရက္ရွည္တြင္ ေက်ာင္းသားေက်ာင္းသူမ်ား ပညာေရး အဆက္မျပတ္ေနေစရန္ ရည္ရြယ္လ်က္ ေက်ာင္းအေနျဖင့္ အခမဲ့ Online သင္ခန္းစာမ်ား စီစဥ္ေပးသြားပါမည္။ စိတ္ပါဝင္စားသူ မည္သူမဆို သူတို႔အားသည့္အခ်ိန္တြင္ အဆိုပါ Online သင္ခန္းစာမ်ားကို ေလ့လာသင္ယူနိုင္ပါမည္။ လိုအပ္ခ်က္ ရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္မူကား မျဖစ္မေန တက္ၾကရန္ ေက်ာင္းဘက္မွ သီးသန႔္ ဆက္သြယ္ အေၾကာင္းၾကားေပးပါမည္။

အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ ေက်ာင္းပရဝဏ္တြင္ ပုံမွန္အတိုင္း ေက်ာင္းမဖြင့္ျဖစ္သည္မွလြဲ၍ သတ္မွတ္သင္ရိုးညႊန္းတမ္းအတိုင္း အတတ္နိုင္ဆုံး ျပည့္မီေအာင္ သင္ၾကားေပးခဲ့နိုင္သည့္အတြက္လည္း ေက်ာင္းအေနျဖင့္ ဂုဏ္ယူမိပါသည္။

ယခုကဲ့သို႔ ေက်ာင္း ဆက္လည္ရပ္တည္ လည္ပတ္နို္င္ခဲ့ျခင္းမွာ လူႀကီးမင္းတို႔ ေက်ာင္းသားမိဘမ်ား၏ ပံ့ပိုးကူညီမႈေၾကာင့္သာ ျဖစ္ပါသည္။ ေက်ာင္းအေနျဖင့္ ဆရာ၊ဆရာမ၊ ဝန္ထမ္းမ်ားအား လခေပးျခင္း၊ အျခားကုန္က်စရိတ္မ်ား ေပးေခ်ျခင္းတို႔ ေဆာင္ရြက္နိုင္ရန္အတြက္ ေက်ာင္းသားမ်ားအတြက္ ေပးသြင္းေသာ ေက်ာင္းသင္တန္းေၾကးကိုသာ မွီခိုရပါသည္။ ယခုလို အခက္အခဲကိုယ္စီ ရွိၾကမည့္ကာလတြင္ ေငြေၾကးကိစၥအား တတ္နိုင္သမၽွ မေျပာလိုေသာ္လည္း ေက်ာင္း ဆက္လက္ ရပ္တည္ လည္ပတ္နိုင္ေစေရး၊ ေက်ာင္းဘက္မွ ဆရာဆရာမ ဝန္ထမ္းလခမ်ားအပါအဝင္ အေထြေထြ ေပးေခ်ရန္ရွိေသးသည္တို႔အား ေပးေခ်နို္င္ေရးတို႔အတြက္ လူႀကီးမင္းတို႔၏ ကူညီပံ့ပိုးေပးမႈျဖင့္သာ ဆက္လက္ ေဆာင္ရြက္နိုင္မည္ ျဖစ္ပါသည္။

သို႔အတြက္ေၾကာင့္ ယခု ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ေပးေခ်ရန္ က်န္ရွိေနေသးေသာ ေက်ာင္းလခ သင္တန္းေၾကးမ်ားအား ၂၅. ၃. ၂၀၂၁ မတိုင္မီအခ်ိန္အတြင္း ေပးေခ်ေပးၾကပါရန္ ေလးစားစြာ ေမတၱာရပ္ခံအပ္ပါသည္။

လူႀကီးမင္းတို႔ နားလည္ေပးကာ ပူးေပါင္းကူညီၾကမည့္အတြက္ အထူးပင္ ေက်းဇူးတင္ရွိပါသည္။

ေလးစားစြာ
ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕
Mandalay International Science Academy
လူႀကီးမင္းတို႔ နားလည္ေပးကာ ပူးေပါင္းကူညီၾကမည့္အတြက္ အထူးပင္ ေက်းဇူးတင္ရွိပါသည္။