fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027

Helping your child to learn at home

Helping your child to learn at home
October 28, 2020 Akar

(unicode)

လူကြီးမင်း၏ကလေး အိမ်တွင်သင်ယူလေ့လာနိုင်ရန် ကူညီထောက်ပံ့ပေးခြင်း

 

ကျောင်းပိတ်ထားရတဲ့ အခုလိုအချိန်မျိုးမှာ လူကြီးမင်းတို့ရဲ့ ရင်သွေးငယ်လေးတွေ သင်ယူလေ့လာကြရာမှာ ကူညီပေးနိုင်ဖို့ နဲ့ အခုလို အခက်အခဲ ကြုံကြရတဲ့ အချိန်မျိုးမှာ  သူတို့တွေ စိတ်ဖိစီးမှု ကြုံနေကြရတာတွေကို လျော့နည်းစေဖို့  ဒီ နည်းလမ်းလေးတွေကို အကြံပြုပါရစေ။

———————————————————————————————————-

ကလေးတွေ အိမ်မှာ သင်ယူလေ့လာရာမှာ ပါဝင်ကူညီပေးပါ။

 

လူကြီးမင်းတို့ရဲ့ ရင်သွေးငယ်လေးတွေ လေ့လာသင်ယူနိုင်ကြစရာ သက်သောင့်သက်သာ ရှိမည့်နေရာ ရှိပါစေ။ 

သူတို့၏သင်ယူမှုနှင့်ပတ်သက်၍ လူကြီးမင်းဘက်က ဘယ်လိုဘယ်ပုံ ကူညီထောက်ပံ့ပေးနိုင်မည်ကို သူတို့နဲ့ ဆွေးနွေးပေးပါ။ 

ဥပမာအားဖြင့်ဆိုရရင် သင်ခန်းစာကနေ မဖြစ်မနေ သိရမည့် အဓိက ဆိုလိုရင်း အနှစ်ချုပ်ကို သူတို့က ကိုယ့်ကို ပြန်ပြောပြပေးဖို့ တိုက်တွန်းအားပေးနိုင်ပါတယ်။ ဒီလိုမျိုး သူတို့ လေ့လာသင်ယူနေကြတဲ့ အကြောင်းအရာလေးတွေအကြောင်း  ဆွေးနွေးပြောဆိုခြင်းအားဖြင့် သူတို့ရဲ့ အတွေးအမြင်တွေ ပိုမိုတိုးတက်ခိုင်မာလာစေနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ကလေးတွေ အိမ်ကနေ လေ့လာသင်ယူနေစဉ်ကာလအတွင်း သူတို့ကိုယ်သူတို့ ထိန်းသိမ်းတတ်စေဖို့ လက်တွေ့ကျကျ နည်းလမ်းလေးတွေရလာအောင် ကူညီပေးပါ။ ဥပမာအားဖြင့် စာလုပ်ချိန် အချိန်ဇယားရေးဆွဲပေးခြင်း၊ သင်ထောက်ကူပစ္စည်း ဒါမှမဟုတ် စာအုပ်စာတမ်းများကို သူတို့ဆရာ၊ ဆရာမများထံမှ မေးမြန်းစုံစမ်းခြင်း စတာမျိုးတွေပေါ့။

သူတို့လေးတွေ ဖြစ်ချင်တဲ့ ဘဝရည်မှန်းချက်ပန်းတိုင် ဘာလဲ … အဲဒါကို အရောက်လှမ်းဖို့ သင်ယူလေ့လာခြင်းက ဘယ်လို ဆက်နွယ်မှုရှိနေလဲ ဆိုတာတွေကို ကိုယ်တိုင်ကိုယ်ကျ သိမြင်လာစေဖို့ ကူညီဆွေးနွေးပေးရင်း သူတို့လေးတွေကို စိတ်ဓာတ်ခွန်အား ပေးပေးပါ။ အကယ်၍ သူတို့ဖြစ်ချင်သလိုဖြစ်မလာခဲ့လျှင်တောင်မှ သူတို့ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်တဲ့ တခြားနည်းလမ်းများ ရှိနေသေးတယ် ဆိုတာကိုလည်း သိမြင်လာစေဖို့ တိုက်တွန်းရင်း အားပေးပါ။

———————————————————————————————————-

လူကြီးမင်းတို့ရဲ့ ကလေးတွေ ကြိုးစားစွမ်းဆောင်နေသည့်အရာကို နားလည်အသိအမှတ်ပြုပေးပါ။

 

သူတို့လေးတွေဖြစ်ချင်တဲ့ရည်မှန်းချက်ရောက်အောင် သူတို့လေးတွေ ဘာလုပ်သင့်တယ်ဆိုတာကို သူတို့ကိုယ်တိုင်ကိုယ်ကျ သိအောင်လုပ်ကြစေချင်တာ ဆိုရင် မိဘအနေနဲ့လည်း သူတို့ ဘယ်လိုလုပ်ရင် ရနိုင်မယ်ဆိုတာကို သေချာ သိထားဖို့ လိုတာပေါ့။ ဒါမှသာ သူတို့တွေကို ဦးဆောင်ဆွေးနွေးပေးရင်း လမ်းကြောင်းမှန်ရောက်စေဖို့ ကိုယ်က ကူညီနိုင်မှာပါ။ 

 

မိဘတွေ ကိုယ့်ကလေးအကြောင်း ဘယ်လောက်သိသလဲ ဆိုတာ ဒီမေးခွန်းလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းစစ်ကြည့်ပါလား။

  • မိမိရဲ့ကလေး ဘယ်ဘာသာရပ်တွေ သင်ယူလေ့လာနေသလဲ။
  • မိမိရဲ့ကလေး စာမေးပွဲအတွက် ပြင်ဆင်ဖို့ လိုအပ်နေသေးလား။
  • (စာမေးပွဲဖြေရမယ်ဆိုရင်) ဘယ်တော့ ဖြေရမှာလဲ၊
  • ကလေးရဲ့ ဆရာတွေကအတန်းတွင်းစစ်ဆေးမှုအတွက်ကလေးတွေဘာတွေလုပ်ရမယ်၊ ဘယ်တော့အပြီးလုပ်ရမယ်သတ်မှတ်ထားသလား။
  • ကလေးအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းနှင့် စာအုပ်တွေရှိပြီလား။
  • နားချိန်/စားချိန်အတွက် အချိန်လုံလောက်ရဲ့လား။
  • ကလေးမှာ တခြား မဖြစ်မနေလုပ်ရမယ့် တာဝန်တွေများ ရှိနေသေးလား။ 

———————————————————————————————————-

စိုးရိမ်ကြောင့်ကြမှုများကို ပြောဆိုဆွေးနွေးတိုင်ပင်ပါ။

 

စိုးရိမ်ကြောင့်ကြမှုဆိုတာ ပုံမှန်စိတ်ခံစားမှုတစ်ခုသာဖြစ်ကြောင်း သူတို့လေးတွေ သိစေအာင်လုပ်ပေးပါ။ 

စိတ်လှုပ်ရှားမှုဆိုတာက ဖိစီးမှုကို ရင်ဆိုင်တန်ပြန်ဖို့ရာ အလိုအလျောက် ပေါ်လာတဲ့ သဘာဝ အကူအညီ တစ်ခုပါ။ အန္တရာယ်တစ်ခုခုနဲ့ ကြုံပြီဆိုရင် ပြန် တိုက်ရင်တိုက် မတိုက်ရင် လွတ်အောင်ပြေးရတယ် ဆိုတဲ့ သဘာဝအတိုင်း မသိစိတ်က အလိုအလျောက် တုန့်ပြန်မှု fight or flight တစ်မျိုးသာ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှု စိတ်လှုပ်ရှားမှုကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ပဲ လိုတာပါ။ 

တကယ်လို့ စိုးရိမ်ကြောင့်ကြမှုတွေက အကူအညီပေးတဲ့အဆင့်ထက် ပိုများနေရင်တော့ သူတို့လေးတွေ ပုံမှန်ကျောင်းတက်နေချိန်မှာ ပုံမှန်ပြုလုပ်နေကျ ပုံစံတွေအတိုင်း အိမ်မှာလည်း လုပ်ကြည့်ကြဖို့ အားပေးတိုက်တွန်းကြည့်ပါ။ 

ဥပမာ … မနက်စောစော ပုံမှန် ကျောင်းသွားချိန်မှာ ကျောင်းသွားဖို့ရာ ကျောင်းဝတ်စုံပြင်ဆင် အဝတ်အစားလဲထားတဲ့ အလေ့အကျင့်ကို အိမ်မှာလည်း ဆက်လုပ်ပေးရင် သူတို့ရဲ့ တစ်နေ့တာမှာ ကျောင်းရောက်နေသလိုမျိုး ခံစားချက် ဖြစ်နေပြီး သင်ယူဖို့ရာ အဆင်သင့်အနေအထား ဖြစ်စေသလား လေ့လာရင်း စမ်းသပ် တိုက်တွန်းကြည့်ပါ။

ဒီလိုမျိုးလေးတွေ လုပ်ဆောင်ခြင်းအားဖြင့် သူတို့လေးတွေအတွက် နဂိုက အကျွမ်းတဝင်ရှိပြီးသား ပုံစံတွေအတိုင်း ဖြစ်စေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စီမံထိန်းချုပ်တတ်ဖို့ ပိုမို ကူညီပေးရာ ရောက်တာပေါ့။ 

———————————————————————————————————-

စိတ်ဖိစီးမှုရဲ့ အယူအဆ သဘောတရားတွေကို သူတို့လေးတွေနဲ့ မျှဝေပါ။

 

သူတို့လေးတွေ တွေ့ကြုံခံစားနေရတာတွေမှန်သမျှဟာ ပုံမှန်တွေကြုံတတ်ကြရတဲ့အရာတွေပဲ ဖြစ်လို့စီမံကွပ်ကဲလို့ ရနိုင်တယ်ဆိုတာကို သူတို့လေးတွေ သိကြပါစေ။ 

အခက်အခဲဖြေရှင်းနည်းတွေကို ရွတ်ပြပြောပြရုံသက်သက် မဟုတ်ဘဲ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ ဘယ်လိုလုပ်ကြမယ် ဘာကြောင့်လုပ်ကြမယ်ဆိုတာတွေကိုပါ ရှင်းပြပေးပါ။

သူတို့လေးတွေ ကြောက်တတ်တဲ့အရာတွေကို ရှောင်ရှားမနေဘဲ ရင်ဆိုင်နိုင်အောင် အခက်အခဲ ကျော်လွှားနိုင်အောင် ကူညီပေးပါ။

သူတို့လေးတွေ ဘာ သိထားကြလဲ ဘာကို ကောင်းကောင်း ထိန်းချုပ်နိုင်ကြသလဲ ဘာ အစွမ်းအစ ရှိလဲ ကိုယ့်ကိုယ်ကိုယ် သတိပြုမိစေဖို့ ကူညီအားပေးပါ။ သူတို့ လုပ်နိုင်စွမ်း ရှိတဲ့ဘောင်ထဲက ကိစ္စတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မပြည့်သေးလို့ မလုပ်ရဲတာမျိုး ဖြစ်နေသေးရင် အဲဒီအရာနှင့်ပတ်သက်ပြီး ပြင်ဆင်ဆန်းစစ်နိုင်ရန် အားပေးပါ။

———————————————————————————————————-

လိုက်လျောညီထွေ ရှိပေးပါ။

 

တတ်နိုင်သလောက် လိုက်လျောညီထွေ ရှိပေးပါ။ သူတို့လေးတွေ သင်ယူနေစဉ် အချိန်လေးမှာ မပြီးပြတ်သေးတဲ့အိမ်မှုကိစ္စများကို ဖြစ်နိုင်မယ်ဆို ခဏရပ်နားထားပေးပါ။ တည်တည်ငြိမ်ငြိမ် နေထိုင်ရင်ဆိုင်ခြင်းက အများကြီး အကျိုးရှိတာပါ။ ဒီ အခက်အခဲ ကာလဆိုတာ အမြဲတမ်း ရှိနေမှာ မဟုတ်ပါ။ တစ်ခဏသာပါ။

———————————————————————————————————-

သူတို့လေးတွေ အာဟာရပြည့်ပြည့်ဝဝ စားသုံးဖြစ်ဖို့ ဂရုစိုက်ပေးပါ။

 

အာဟာရမျှတစွာစားသုံးခြင်းက သူတို့လေးတွေ ကျန်းမာရေးအတွက် အလွန် အရေးကြီးပါတယ်။ အခုလို စိန်ခေါ်မှုတွေ များတဲ့ ကာလမျိုးမှာ စိတ်တည်ငြိမ်မှုကိုဖြစ်စေပါတယ်။ အားဖြည့်အချိုရည်တွေ၊ ကိုလာ နှင့် ချိုချဉ်တွေ စတဲ့ အချိုဓာတ် ကဖိန်းဓာတ် များတဲ့ အစားအစာတွေ စားသုံးခြးင်ကတော့ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်သော စိုးရိမ်လွန် တုန့်ပြန်မှုတွေကို တိုးစေပါတယ်။

———————————————————————————————————-

သူတို့လေးတွေ အိပ်ရေးဝဝအိပ်စက်နိုင်ရန် ကူညီပါ။

 

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းက တွေးတောဆင်ခြင်နိုင်စွမ်း နဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကို တိုးတက်စေပါတယ်။ 

ဆယ်ကျော်သက်အရွယ်ကလေးတွေအတွက် တစ်ညအိပ်ချိန် ၈နာရီကနေ ၁၀နာရီကြာ အိပ်စက်ဖို့ရာလိုအပ်ပါတယ်။ 

သူတို့လေးတွေအတွက် ညဘက် စာကြည့်ချိန် အပြီးမှာ အိပ်ချိန်မတိုင်ခင် ခေတ္တအနားယူချိန် လိုအပ်ပါသေးတယ်။ အိပ်ချိန် မတိုင်မီအထိ စာ လုပ်နေပြီး တန်း အိပ်ဖို့ရာ မဖြစ်နိုင်ပါ။ တစ်နေ့တာ နောက်ဆုံး စာလုပ်ရမယ့် အချိန်ကို အိပ်ချိန် မတိုင်မီ ခပ်ခွာခွာမှာ အဆုံးသတ်ပါစေ။

သူတို့လေးတွေ ဖုန်း laptop တွေ ညဘက်မှာ သုံးရင် ဖန်သားမျက်နှာပြင် screen မှ ထွက်သော blue light ထုတ်လွှတ်မှုကို လျှော့ချစေဖို့ ‘night-shift’ setting ကို ရွေးပေးစေချင်ပါတယ်။ ထို blue light က ကျွန်တော်တို့ရဲ့ ဦးနှောက်ကို နေ့အချိန်အဖြစ် ထင်မှတ်စေတတ်ပြီး မအိပ်နိုင်ဘဲ အမြဲတမ်းနိုးကြားစေနိုင်ပါတယ်။

———————————————————————————————————-

ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရန် အားပေးပါ။

 

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက အားအင်ပြည့်ဝစေသောendorphins ဟိုမုန်းကို ထုတ်လွှတ်ပေးပါတယ်။ သူတို့လေးတွေ နှစ်ခြိုက်မယ့် မည်သည့်အားကစားလှုပ်ရှားမှုမဆို ရွေးချယ် ပြုလုပ်ပါစေ။

———————————————————————————————————

သူတို့လေးတွေအတွက် အချိန်ပေးပါ။

သူတို့လေးတွေ အပတ်စဉ် ကိုယ့်အားကိုယ်ကိုး လေ့လာသင်ယူကြတဲ့အတွက်  ဘယ်လို ‘ဂုဏ်ပြုဆု’ ထိုက်တန်မယ်ဆိုတာ သူတို့လေးတွေနှင့်အတူ တိုင်ပင်ပါ။‘ဂုဏ်ပြုဆု’ လေးတွေက ဈေးကြီးပစ္စည်းဖြစ်ဖို့ မလိုပါ။ သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာ ချက်ပြုတ်ကျွေးတာ၊ TV အစီအစဉ်များကြည့်တာ စတာလေးတွေ လုပ်ပေးလို့ရပါတယ်။

———————————————————————————————————-

မိဘများ ဆောင်ရန်ရှောင်ရန် အရေးကြီး အချက်များ

 

  • မိမိတို့အနေနဲ့ စိတ်ကိုတည်ငြိမ်အောင်ထားပါ။ အထူးသဖြင့်သူတို့လေးတွေ စိုးရိမ်ကြောင့်ကြနေတဲ့ အချိန်တွေမှာ မိမိတို့က ပို တည်ငြိမ်နိုင်ကြပါစေ။
  • သူတို့လေးတွေကို လူကြီးမင်းတို့က ချစ်မြတ်နိုးကြောင်ပေါ်လွင်ပါစေ။
  • သူတို့ခံစားနေရသောခံစားချက်များကို လူကြီးမင်းတို့နားလည်ကြောင်းပြပါ။ ဥပမာ- “သား/သမီး စိတ်ပူနေတာကို သိတယ်။ ဒီလိုစိတ်ပူတာကို နားလည်တယ်။ ဒီလိုဖြစ်တာက သဘာဝပါပဲ။” စသည်ဖြင့် သူတို့နားလည်အောင် ပြောပေး လက်တွေ့ပြပေးပါ။
  • တခြားအရာများပြုလုပ်စေခြင်း၊ အမြဲတမ်း တစ်ခုခု အာရုံထားအလုပ်လုပ်နေစေခြင်းတို့ဖြင့် သူတို့၏အာရုံကို ပြောင်းပါ။
  • သူတို့စကားပြောချင်တဲ့အခါ သူတို့ကို အချိန်ပေးပါ။
  • သူတို့၏သင်ယူမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ တတ်နိုင်သမျှဝင်ရောက်ကူညီပါ။ ဥပမာ- သူတို့ ဘယ်အချိန်မှာစားမလဲ ဆိုတာမျိုးကအစ ကောင်းတဲ့အရာတွေကိုရွေးချယ်ဆုံးဖြတ်နိုင်ကြဖို့ ပူးပေါင်း ကူညီပေးပါ။

 

(မှတ်ချက်။          ။ Cambridge Assessment international Education မှ မိဘများအတွက် ရည်ရွယ် ရေးသားထားသော Helping your child to learn at home ဆောင်းပါးအား ဘာသာပြန်ပါသည်။ မူရင်း https://www.cambridgeinternational.org/Images/578492-help-your-child-learn-from-home.pdf.)

 

(zawgyi)

လူႀကီးမင္း၏ကေလး အိမ္တြင္သင္ယူေလ့လာနိုင္ရန္ ကူညီေထာက္ပံ့ေပးျခင္း

 

ေက်ာင္းပိတ္ထားရတဲ့ အခုလိုအခ်ိန္မ်ိဳးမွာ လူႀကီးမင္းတို႔ရဲ့ ရင္ေသြးငယ္ေလးေတြ သင္ယူေလ့လာၾကရာမွာ ကူညီေပးနိုင္ဖို႔ နဲ႔ အခုလို အခက္အခဲ ၾကဳံၾကရတဲ့ အခ်ိန္မ်ိဳးမွာ  သူတို႔ေတြ စိတ္ဖိစီးမႈ ၾကဳံေနၾကရတာေတြကို ေလ်ာ့နည္းေစဖို႔  ဒီ နည္းလမ္းေလးေတြကို အႀကံျပဳပါရေစ။

———————————————————————————————————-

ကေလးေတြ အိမ္မွာ သင္ယူေလ့လာရာမွာ ပါဝင္ကူညီေပးပါ။

 

လူႀကီးမင္းတို႔ရဲ့ ရင္ေသြးငယ္ေလးေတြ ေလ့လာသင္ယူနိုင္ၾကစရာ သက္ေသာင့္သက္သာ ရွိမည့္ေနရာ ရွိပါေစ။

သူတို႔၏သင္ယူမႈႏွင့္ပတ္သက္၍ လူႀကီးမင္းဘက္က ဘယ္လိုဘယ္ပုံ ကူညီေထာက္ပံ့ေပးနိုင္မည္ကို သူတို႔နဲ႔ ေဆြးေႏြးေပးပါ။

ဥပမာအားျဖင့္ဆိုရရင္ သင္ခန္းစာကေန မျဖစ္မေန သိရမည့္ အဓိက ဆိုလိုရင္း အႏွစ္ခ်ဳပ္ကို သူတို႔က ကိုယ့္ကို ျပန္ေျပာျပေပးဖို႔ တိုက္တြန္းအားေပးနိုင္ပါတယ္။ ဒီလိုမ်ိဳး သူတို႔ ေလ့လာသင္ယူေနၾကတဲ့ အေၾကာင္းအရာေလးေတြအေၾကာင္း  ေဆြးေႏြးေျပာဆိုျခင္းအားျဖင့္ သူတို႔ရဲ့ အေတြးအျမင္ေတြ ပိုမိုတိုးတက္ခိုင္မာလာေစနိုင္ပါတယ္။

လူႀကီးမင္းတို႔ရဲ့ကေလးေတြ အိမ္ကေန ေလ့လာသင္ယူေနစဥ္ကာလအတြင္း သူတို႔ကိုယ္သူတို႔ ထိန္းသိမ္းတတ္ေစဖို႔ လက္ေတြ႕က်က် နည္းလမ္းေလးေတြရလာေအာင္ ကူညီေပးပါ။ ဥပမာအားျဖင့္ စာလုပ္ခ်ိန္ အခ်ိန္ဇယားေရးဆြဲေပးျခင္း၊ သင္ေထာက္ကူပစၥည္း ဒါမွမဟုတ္ စာအုပ္စာတမ္းမ်ားကို သူတို႔ဆရာ၊ ဆရာမမ်ားထံမွ ေမးျမန္းစုံစမ္းျခင္း စတာမ်ိဳးေတြေပါ့။

သူတို႔ေလးေတြ ျဖစ္ခ်င္တဲ့ ဘဝရည္မွန္းခ်က္ပန္းတိုင္ ဘာလဲ … အဲဒါကို အေရာက္လွမ္းဖို႔ သင္ယူေလ့လာျခင္းက ဘယ္လို ဆက္ႏြယ္မႈရွိေနလဲ ဆိုတာေတြကို ကိုယ္တိုင္ကိုယ္က် သိျမင္လာေစဖို႔ ကူညီေဆြးေႏြးေပးရင္း သူတို႔ေလးေတြကို စိတ္ဓာတ္ခြန္အား ေပးေပးပါ။ အကယ္၍ သူတို႔ျဖစ္ခ်င္သလိုျဖစ္မလာခဲ့လၽွင္ေတာင္မွ သူတို႔ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္နိုင္တဲ့ တျခားနည္းလမ္းမ်ား ရွိေနေသးတယ္ ဆိုတာကိုလည္း သိျမင္လာေစဖို႔ တိုက္တြန္းရင္း အားေပးပါ။

———————————————————————————————————-

လူႀကီးမင္းတို႔ရဲ့ ကေလးေတြ ႀကိဳးစားစြမ္းေဆာင္ေနသည့္အရာကို နားလည္အသိအမွတ္ျပဳေပးပါ။

 

သူတို႔ေလးေတြျဖစ္ခ်င္တဲ့ရည္မွန္းခ်က္ေရာက္ေအာင္ သူတို႔ေလးေတြ ဘာလုပ္သင့္တယ္ဆိုတာကို သူတို႔ကိုယ္တိုင္ကိုယ္က် သိေအာင္လုပ္ၾကေစခ်င္တာ ဆိုရင္ မိဘအေနနဲ႔လည္း သူတို႔ ဘယ္လိုလုပ္ရင္ ရနိုင္မယ္ဆိုတာကို ေသခ်ာ သိထားဖို႔ လိုတာေပါ့။ ဒါမွသာ သူတို႔ေတြကို ဦးေဆာင္ေဆြးေႏြးေပးရင္း လမ္းေၾကာင္းမွန္ေရာက္ေစဖို႔ ကိုယ္က ကူညီနိုင္မွာပါ။

 

မိဘေတြ ကိုယ့္ကေလးအေၾကာင္း ဘယ္ေလာက္သိသလဲ ဆိုတာ ဒီေမးခြန္းေလးေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ စမ္းစစ္ၾကည့္ပါလား။

မိမိရဲ့ကေလး ဘယ္ဘာသာရပ္ေတြ သင္ယူေလ့လာေနသလဲ။
မိမိရဲ့ကေလး စာေမးပြဲအတြက္ ျပင္ဆင္ဖို႔ လိုအပ္ေနေသးလား။
(စာေမးပြဲေျဖရမယ္ဆိုရင္) ဘယ္ေတာ့ ေျဖရမွာလဲ၊
ကေလးရဲ့ ဆရာေတြကအတန္းတြင္းစစ္ေဆးမႈအတြက္ကေလးေတြဘာေတြလုပ္ရမယ္၊ ဘယ္ေတာ့အၿပီးလုပ္ရမယ္သတ္မွတ္ထားသလား။
ကေလးအတြက္ လိုအပ္တဲ့ သင္ေထာက္ကူပစၥည္းႏွင့္ စာအုပ္ေတြရွိၿပီလား။
နားခ်ိန္/စားခ်ိန္အတြက္ အခ်ိန္လုံေလာက္ရဲ့လား။
ကေလးမွာ တျခား မျဖစ္မေနလုပ္ရမယ့္ တာဝန္ေတြမ်ား ရွိေနေသးလား။

———————————————————————————————————-

စိုးရိမ္ေၾကာင့္ၾကမႈမ်ားကို ေျပာဆိုေဆြးေႏြးတိုင္ပင္ပါ။

 

စိုးရိမ္ေၾကာင့္ၾကမႈဆိုတာ ပုံမွန္စိတ္ခံစားမႈတစ္ခုသာျဖစ္ေၾကာင္း သူတို႔ေလးေတြ သိေစအာင္လုပ္ေပးပါ။

စိတ္လႈပ္ရွားမႈဆိုတာက ဖိစီးမႈကို ရင္ဆိုင္တန္ျပန္ဖို႔ရာ အလိုအေလ်ာက္ ေပၚလာတဲ့ သဘာဝ အကူအညီ တစ္ခုပါ။ အႏၲရာယ္တစ္ခုခုနဲ႔ ၾကဳံၿပီဆိုရင္ ျပန္ တိုက္ရင္တိုက္ မတိုက္ရင္ လြတ္ေအာင္ေျပးရတယ္ ဆိုတဲ့ သဘာဝအတိုင္း မသိစိတ္က အလိုအေလ်ာက္ တုန္႔ျပန္မႈ fight or flight တစ္မ်ိဳးသာ ျဖစ္ပါတယ္။ စိုးရိမ္ပူပန္မႈ စိတ္လႈပ္ရွားမႈကို မွန္မွန္ကန္ကန္ အသုံးခ်တတ္ဖို႔ပဲ လိုတာပါ။

တကယ္လို႔ စိုးရိမ္ေၾကာင့္ၾကမႈေတြက အကူအညီေပးတဲ့အဆင့္ထက္ ပိုမ်ားေနရင္ေတာ့ သူတို႔ေလးေတြ ပုံမွန္ေက်ာင္းတက္ေနခ်ိန္မွာ ပုံမွန္ျပဳလုပ္ေနက် ပုံစံေတြအတိုင္း အိမ္မွာလည္း လုပ္ၾကည့္ၾကဖို႔ အားေပးတိုက္တြန္းၾကည့္ပါ။

ဥပမာ … မနက္ေစာေစာ ပုံမွန္ ေက်ာင္းသြားခ်ိန္မွာ ေက်ာင္းသြားဖို႔ရာ ေက်ာင္းဝတ္စုံျပင္ဆင္ အဝတ္အစားလဲထားတဲ့ အေလ့အက်င့္ကို အိမ္မွာလည္း ဆက္လုပ္ေပးရင္ သူတို႔ရဲ့ တစ္ေန႔တာမွာ ေက်ာင္းေရာက္ေနသလိုမ်ိဳး ခံစားခ်က္ ျဖစ္ေနၿပီး သင္ယူဖို႔ရာ အဆင္သင့္အေနအထား ျဖစ္ေစသလား ေလ့လာရင္း စမ္းသပ္ တိုက္တြန္းၾကည့္ပါ။

ဒီလိုမ်ိဳးေလးေတြ လုပ္ေဆာင္ျခင္းအားျဖင့္ သူတို႔ေလးေတြအတြက္ နဂိုက အကၽြမ္းတဝင္ရွိၿပီးသား ပုံစံေတြအတိုင္း ျဖစ္ေစတဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ စီမံထိန္းခ်ဳပ္တတ္ဖို႔ ပိုမို ကူညီေပးရာ ေရာက္တာေပါ့။

———————————————————————————————————-

စိတ္ဖိစီးမႈရဲ့ အယူအဆ သေဘာတရားေတြကို သူတို႔ေလးေတြနဲ႔ မၽွေဝပါ။

 

သူတို႔ေလးေတြ ေတြ႕ၾကဳံခံစားေနရတာေတြမွန္သမၽွဟာ ပုံမွန္ေတြၾကဳံတတ္ၾကရတဲ့အရာေတြပဲ ျဖစ္လို႔စီမံကြပ္ကဲလို႔ ရနိုင္တယ္ဆိုတာကို သူတို႔ေလးေတြ သိၾကပါေစ။

အခက္အခဲေျဖရွင္းနည္းေတြကို ရြတ္ျပေျပာျပ႐ုံသက္သက္ မဟုတ္ဘဲ ေအာင္ေအာင္ျမင္ျမင္ ေျဖရွင္းနိုင္ဖို႔ ဘယ္လိုလုပ္ၾကမယ္ ဘာေၾကာင့္လုပ္ၾကမယ္ဆိုတာေတြကိုပါ ရွင္းျပေပးပါ။

သူတို႔ေလးေတြ ေၾကာက္တတ္တဲ့အရာေတြကို ေရွာင္ရွားမေနဘဲ ရင္ဆိုင္နိုင္ေအာင္ အခက္အခဲ ေက်ာ္လႊားနိုင္ေအာင္ ကူညီေပးပါ။

သူတို႔ေလးေတြ ဘာ သိထားၾကလဲ ဘာကို ေကာင္းေကာင္း ထိန္းခ်ဳပ္နိုင္ၾကသလဲ ဘာ အစြမ္းအစ ရွိလဲ ကိုယ့္ကိုယ္ကိုယ္ သတိျပဳမိေစဖို႔ ကူညီအားေပးပါ။ သူတို႔ လုပ္နိုင္စြမ္း ရွိတဲ့ေဘာင္ထဲက ကိစၥတစ္ခုကို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မျပည့္ေသးလို႔ မလုပ္ရဲတာမ်ိဳး ျဖစ္ေနေသးရင္ အဲဒီအရာႏွင့္ပတ္သက္ၿပီး ျပင္ဆင္ဆန္းစစ္နိုင္ရန္ အားေပးပါ။

———————————————————————————————————-

လိုက္ေလ်ာညီေထြ ရွိေပးပါ။

 

တတ္နိုင္သေလာက္ လိုက္ေလ်ာညီေထြ ရွိေပးပါ။ သူတို႔ေလးေတြ သင္ယူေနစဥ္ အခ်ိန္ေလးမွာ မၿပီးျပတ္ေသးတဲ့အိမ္မႈကိစၥမ်ားကို ျဖစ္နိုင္မယ္ဆို ခဏရပ္နားထားေပးပါ။ တည္တည္ၿငိမ္ၿငိမ္ ေနထိုင္ရင္ဆိုင္ျခင္းက အမ်ားႀကီး အက်ိဳးရွိတာပါ။ ဒီ အခက္အခဲ ကာလဆိုတာ အျမဲတမ္း ရွိေနမွာ မဟုတ္ပါ။ တစ္ခဏသာပါ။

———————————————————————————————————-

သူတို႔ေလးေတြ အာဟာရျပည့္ျပည့္ဝဝ စားသုံးျဖစ္ဖို႔ ဂ႐ုစိုက္ေပးပါ။

 

အာဟာရမၽွတစြာစားသုံးျခင္းက သူတို႔ေလးေတြ က်န္းမာေရးအတြက္ အလြန္ အေရးႀကီးပါတယ္။ အခုလို စိန္ေခၚမႈေတြ မ်ားတဲ့ ကာလမ်ိဳးမွာ စိတ္တည္ၿငိမ္မႈကိုျဖစ္ေစပါတယ္။ အားျဖည့္အခ်ိဳရည္ေတြ၊ ကိုလာ ႏွင့္ ခ်ိဳခ်ဥ္ေတြ စတဲ့ အခ်ိဳဓာတ္ ကဖိန္းဓာတ္ မ်ားတဲ့ အစားအစာေတြ စားသုံးျခးင္ကေတာ့ မိမိကိုယ္မိမိ မထိန္းခ်ဳပ္နိုင္ေသာ စိုးရိမ္လြန္ တုန႔္ျပန္မႈေတြကို တိုးေစပါတယ္။

———————————————————————————————————-

သူတို႔ေလးေတြ အိပ္ေရးဝဝအိပ္စက္နိုင္ရန္ ကူညီပါ။

 

ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ျခင္းက ေတြးေတာဆင္ျခင္နိုင္စြမ္း နဲ႔ အာ႐ုံစူးစိုက္နိုင္စြမ္းေတြကို တိုးတက္ေစပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ကေလးေတြအတြက္ တစ္ညအိပ္ခ်ိန္ ၈နာရီကေန ၁၀နာရီၾကာ အိပ္စက္ဖို႔ရာလိုအပ္ပါတယ္။

သူတို႔ေလးေတြအတြက္ ညဘက္ စာၾကည့္ခ်ိန္ အၿပီးမွာ အိပ္ခ်ိန္မတိုင္ခင္ ေခတၱအနားယူခ်ိန္ လိုအပ္ပါေသးတယ္။ အိပ္ခ်ိန္ မတိုင္မီအထိ စာ လုပ္ေနၿပီး တန္း အိပ္ဖို႔ရာ မျဖစ္နိုင္ပါ။ တစ္ေန႔တာ ေနာက္ဆုံး စာလုပ္ရမယ့္ အခ်ိန္ကို အိပ္ခ်ိန္ မတိုင္မီ ခပ္ခြာခြာမွာ အဆုံးသတ္ပါေစ။

သူတို႔ေလးေတြ ဖုန္း laptop ေတြ ညဘက္မွာ သုံးရင္ ဖန္သားမ်က္ႏွာျပင္ screen မွ ထြက္ေသာ blue light ထုတ္လႊတ္မႈကို ေလၽွာ့ခ်ေစဖို႔ ‘night-shift’ setting ကို ေရြးေပးေစခ်င္ပါတယ္။ ထို blue light က ကၽြန္ေတာ္တို႔ရဲ့ ဦးေႏွာက္ကို ေန႔အခ်ိန္အျဖစ္ ထင္မွတ္ေစတတ္ၿပီး မအိပ္နိုင္ဘဲ အျမဲတမ္းနိုးၾကားေစနိုင္ပါတယ္။

———————————————————————————————————-

ကိုယ္လက္လႈပ္ရွားအားကစားလုပ္ရန္ အားေပးပါ။

 

ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္းက အားအင္ျပည့္ဝေစေသာendorphins ဟိုမုန္းကို ထုတ္လႊတ္ေပးပါတယ္။ သူတို႔ေလးေတြ ႏွစ္ၿခိဳက္မယ့္ မည္သည့္အားကစားလႈပ္ရွားမႈမဆို ေရြးခ်ယ္ ျပဳလုပ္ပါေစ။

———————————————————————————————————

သူတို႔ေလးေတြအတြက္ အခ်ိန္ေပးပါ။

သူတို႔ေလးေတြ အပတ္စဥ္ ကိုယ့္အားကိုယ္ကိုး ေလ့လာသင္ယူၾကတဲ့အတြက္  ဘယ္လို ‘ဂုဏ္ျပဳဆု’ ထိုက္တန္မယ္ဆိုတာ သူတို႔ေလးေတြႏွင့္အတူ တိုင္ပင္ပါ။‘ဂုဏ္ျပဳဆု’ ေလးေတြက ေဈးႀကီးပစၥည္းျဖစ္ဖို႔ မလိုပါ။ သူတို႔ႀကိဳက္ႏွစ္သက္တဲ့ အစားအစာ ခ်က္ျပဳတ္ေကၽြးတာ၊ TV အစီအစဥ္မ်ားၾကည့္တာ စတာေလးေတြ လုပ္ေပးလို႔ရပါတယ္။

———————————————————————————————————-

မိဘမ်ား ေဆာင္ရန္ေရွာင္ရန္ အေရးႀကီး အခ်က္မ်ား

 

မိမိတို႔အေနနဲ႔ စိတ္ကိုတည္ၿငိမ္ေအာင္ထားပါ။ အထူးသျဖင့္သူတို႔ေလးေတြ စိုးရိမ္ေၾကာင့္ၾကေနတဲ့ အခ်ိန္ေတြမွာ မိမိတို႔က ပို တည္ၿငိမ္နိုင္ၾကပါေစ။
သူတို႔ေလးေတြကို လူႀကီးမင္းတို႔က ခ်စ္ျမတ္နိုးေၾကာင္ေပၚလြင္ပါေစ။
သူတို႔ခံစားေနရေသာခံစားခ်က္မ်ားကို လူႀကီးမင္းတို႔နားလည္ေၾကာင္းျပပါ။ ဥပမာ- “သား/သမီး စိတ္ပူေနတာကို သိတယ္။ ဒီလိုစိတ္ပူတာကို နားလည္တယ္။ ဒီလိုျဖစ္တာက သဘာဝပါပဲ။” စသည္ျဖင့္ သူတို႔နားလည္ေအာင္ ေျပာေပး လက္ေတြ႕ျပေပးပါ။
တျခားအရာမ်ားျပဳလုပ္ေစျခင္း၊ အျမဲတမ္း တစ္ခုခု အာ႐ုံထားအလုပ္လုပ္ေနေစျခင္းတို႔ျဖင့္ သူတို႔၏အာ႐ုံကို ေျပာင္းပါ။
သူတို႔စကားေျပာခ်င္တဲ့အခါ သူတို႔ကို အခ်ိန္ေပးပါ။
သူတို႔၏သင္ယူမႈနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်တဲ့အခါ တတ္နိုင္သမၽွဝင္ေရာက္ကူညီပါ။ ဥပမာ- သူတို႔ ဘယ္အခ်ိန္မွာစားမလဲ ဆိုတာမ်ိဳးကအစ ေကာင္းတဲ့အရာေတြကိုေရြးခ်ယ္ဆုံးျဖတ္နိုင္ၾကဖို႔ ပူးေပါင္း ကူညီေပးပါ။

 

(မွတ္ခ်က္။          ။ Cambridge Assessment international Education မွ မိဘမ်ားအတြက္ ရည္ရြယ္ ေရးသားထားေသာ Helping your child to learn at home ေဆာင္းပါးအား ဘာသာျပန္ပါသည္။ မူရင္း https://www.cambridgeinternational.org/Images/578492-help-your-child-learn-from-home.pdf.)