fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027
Greetings from the MISA administration team
Greetings from the MISA administration team
April 1, 2022 Akar
Dear parents of MISA students,
Greetings from the MISA administration team.
Now that the current academic year 2021-2022 is approaching its end, there are a couple of things we would like to bring to your attention.
  • Award Programme
We have planned to organise a mini awards ceremony this Saturday at school, to honour our outstanding, dedicated and resilient students who nonetheless did their best amidst the uncertainties and difficulties. The primary session will be held at 9-10am and secondary and high school session will be held at 10:30 – 11:30 am. Our office team will be reaching out to respective parents of outstanding students. Due to limited places available as a preventative measure against COVID-19, we request that only one parent come along. We thank you in advance for your kind understanding.
  • The Last Week of the School
April 4 – 8 is the last week of school. Please kindly bear in mind that the teaching and learning process continues next week; and there will be some fun & sports activities as well, during the breaks and after school. Please check the schedule in the poster attached. 
May we kindly request you to remind your children the following, during the last week.
  • Not to bring their electronic devices and use the school arranged computer in the classroom.
  • To bring the water guns and extra clothes to change after the water play.
  • Water play should be only at the designated area (football pitch and near the primary playground only)
Please also let us know whether you will allow your child to take part in the sports activities that involve water play. A parental consent form is attached for your reference, and if you will not  allow your child, please kindly inform respective teaching assistants.
  • Year-End Assembly
As a token of our appreciation to those dedicated teachers, hardworking students, and supportive parents, we will be ending the school year with an online assembly on Friday April 8, 2022. There will not be classes on that day, and the assembly will take place from 9:00 to 10:30. The following links will be used for the assembly.
Year-end Assembly: Year 2 to 5 https://meet.google.com/not-rxhz-vbw 
Year-end Assembly: Year 6 to 13 https://meet.google.com/yro-jjvz-jwm 
  • Registration for the Next Academic Year
It has been brought to our attention that we have not been able to inform our parents of the new year registration, and due to requests we have received from some parents who are currently not available, we have decided to to extend the discount period until Apr 9, 2022, in order to ease payment difficulties in different situations. If you have not been able to register for the next academic year, we suggest that you do it at the earliest before Apr 9, 2022.
We would like to thank you for your continuous support and trust with MISA.
With appreciation,
MISA Administration Team
(unicode)
လေးစားရပါသော ကျောင်းသားမိဘများခင်ဗျာ
MISA ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။
ယခုလက်ရှိ 2022-2023 ပညာသင်နှစ်သည် ကုန်ဆုံးရန်နီးကပ်လာသည်နှင့်အမျှ လူကြီးမင်းတို့အား အသိပေးလိုသည့် အကြောင်းအရာအချို့ရှိပါသည်။
၁) ဆုချီးမြှင့်ခြင်း အခမ်းအနား
မသေချာမရေရာမှုများနှင့် အခက်အခဲများ မည်သို့ပင် ရှိစေကာမူ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသည့်
ကျွန်ုပ်တို့၏ ထူးချွန်သော၊ ဇွဲလုံ့လရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုရန် ယခုလာမည့် စနေနေ့တွင် ဆုပေးပွဲ အခမ်းအနားကို ကျောင်း၌ ကျင်းပရန်စီစဉ်ထားပါသည်။
Year 2 မှ Year 5 ကျောင်းသားများ၏ ဆုပေးပွဲအခမ်းအနားမှာ မနက် ၉ နာရီမှ ၁၀ နာရီအထိဖြစ်ပြီး Year 6၊ အလယ်တန်းနှင့် အထက်တန်း‌ ကျောင်းသားများ၏ ဆုပေးပွဲအခမ်းအနားမှာ မနက် ၁၀ နာရီခွဲ မှ ၁၁နာရီခွဲ  အထိဖြစ်ပါသည်။ ကျောင်းရုံးခန်းမှ ဆုရကျောင်းသားများအား ဆက်သွယ်ပေးမည် ဖြစ်ပါသည်။ နေရာထိုင်ခင်းအခက်အခဲနှင့် Covid-19 ကာကွယ်ရေးစည်းကမ်းများကြောင့် ကျောင်းသားတစ်ဦးလျှင် မိဘတစ်ဦးသာ လိုက်ပါရန် ပန်ကြားလိုပါသည်။ မိဘများ၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။ 
၂) ကျောင်း၏ နောက်ဆုံးရက်သတ္တပတ်
ဧပြီလ(၄)ရက်နေ့မှ (၈)ရက်နေ့သည် ကျောင်း၏ နောက်ဆုံးရက်သတ္တပတ် ဖြစ်ပါသည်။ သင်ကြားမှုနှင့် သင်ယူမှုလုပ်ငန်းစဉ်များကို လာမည့်ရက်သတ္တပတ်တွင်ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်းကို ကျေးဇူးပြု၍  အသိပေးလိုပါသည်။ ထို့အပြင် အားလပ်ချိန်များနှင့် ကျောင်းဆင်းချိန်များတွင် ပျော်ရွှင်စရာလှုပ်ရှားမှုများ အားကစားလှုပ်ရှားမှုများလည်း ရှိနေမည်ဖြစ်သည်။ ပူးတွဲဖော်ပြထားသော ပိုစတာတွင် အချိန်စာရင်းများကို ကျေးဇူးပြု၍ ကြည့်ရှုပေးပါ။
နောက်ဆုံးသီတင်းပတ်အတွင်း လူကြီးမင်းတို့၏ ကလေးများအား အောက်ဖော်ပြပါအချက်အလက်များကို လိုက်နာစေရေးအတွက်တွက် သတိပေးပေးပါရန် ကျွန်ုပ်တို့မှ အနူးအညွတ် တောင်းဆိုအပ်ပါသည်။
  • မိမိတို့၏ ကိုယ်ပိုင်အီလက်ထရောနစ်ပစ္စည်းများ ကျောင်းသို့ယူမလာရန်နှင့် စာသင်ခန်းအတွင်းရှိ ကျောင်းမှပြင်ဆင်ပေးထားသော ကွန်ပျူတာများကို အသုံးပြုရန်၊
  • ရေသေနတ်များနှင့် ရေကစားပြီးနောက် လဲလှယ်ရန် အဝတ်အစားအပိုများ ယူလာရန်၊
  • သတ်မှတ်ထားသော နေရာများတွင်သာ ရေကစားရန်(ဘောလုံးကွင်းနှင့် မူလတန်း ကစားကွင်းအနီး၌သာ )
ရေကစားခြင်းအပါအဝင် အားကစားလှုပ်ရှားမှုများ၌ လူကြီးမင်းတို့၏ ကလေးများအား ပါဝင်ခွင့်ပြုမပြုကို ကျွန်ုပ်တို့အား အသိပေးစေလိုပါသည်။ မိဘခွင့်ပြုချက်ဖောင်ကို ပူးတွဲဖော်ပြထားပြီး အကယ်၍ သင့်ကလေးအား ခွင့်မပြုပါက သင်ကြားရေးလက်ထောက် ဆရာမများကို  ကြိုတင်အကြောင်းကြားထားစေချင်ပါသည်။
 (မိဘခွင့်ပြုချက်ဖောင် link: https://docs.google.com/forms/d/e/1FAIpQLSc63jfQiWoFlb5pMFFXc_wA8ACkVKWDTCD7eti23l1X6AVQaA/viewform?usp=sf_link
၃) စာသင်နှစ်ကုန် ဆုံညီစုဝေးခြင်း
ကျွနု်ပ်တို့၏ စိတ်စေတနာထက်သန်စွာ သင်ကြားပေးပါသော ဆရာ/ဆရာမများ၊ ကြိုးစားသင်ယူပါသော ကျောင်းသား/သူများ နှင့် အဖက်ဖက်မှထောက်ပံ့ပေးပါသော မိဘများအား တန်ဖိုးထားသော အမှတ်သညာအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလ ၈ရက်နေ့သောကြာနေ့တွင် အွန်လိုင်းအစည်းအဝေးဖြင့် ယခုစာသင်နှစ်ကို ကုန်ဆုံးမည်ဖြစ်ပါသည်။ အစည်းအဝေးပွဲသည် နံနက် ၉နာရီမှ ၁၀နာရီခွဲအထိ ကျင်းပမည်ဖြစ်ကာ ထိုနေ့တွင် စာသင်ချိန်များရှိမည်မဟုတ်ပါ။ အစည်းအဝေးပွဲတက်ရန်အတွက် လင့်ခ်ကို အောက်တွင်ဖော်ပြပေးထားပါသည်။ 
Year-end Assembly: Year 2 to 5 https://meet.google.com/not-rxhz-vbw 
Year-end Assembly: Year 6 to 13 https://meet.google.com/yro-jjvz-jwm 
၄) လာမည့်စာသင်နှစ်အတွက် စာရင်းပေးသွင်းခြင်း
လာမည့်စာသင်နှစ်အတွက် စာရင်းပေးနိုင်သည့်အကြောင်းအရာအား ကျွန်ပ်တို့မှ မိဘများအားလုံးထံသို့ အသိပေးအကြောင်းကြားနိုင်ခြင်းမရှိသေးသည်ကို သတိထားမိပါသည်။ ယခုလက်ရှိအချိန်အထိ စာရင်းပေးသွင်းခြင်းမပြုရသေးသည့်မိဘအချို့၏ တောင်းဆိုချက်များအရ ကျောင်းလခပေးသွင်းရာတွင် အခြေအနေအမျိုးမျိုးကြောင့် ကြုံတွေ့ရသော အခက်အခဲများကို အဆင်ပြေစေရန်အလိုဌာ လျော့ဈေးကာလကို ၂၀၂၂ခုနှစ် ဧပြီလ၉ရက်နေ့အထိ သက်တမ်းတိုးလိုက်ပါသည်။ လူကြီးမင်းတို့အနေဖြင့် လာမည့်စာသင်နှစ်အတွက်ကျောင်းအပ်နှံခြင်းမပြုရသေးလျှင် ၂၀၂၂ခုနှစ် ဧပြီလ၉ရက်နေ့ မတိုင်ခင်  လာရောက်အပ်နှံပါရန်အကြံပြုလိုပါသည်။
မိဘများ၏ အစဥ်မပြတ် ပံ့ပိုးမှုများနှင့် MISA ကျောင်းအား ယုံကြည်မှုများအတွက် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ 
လေးစားစွာဖြင့် 
MISA ကျောင်းအုပ်ချုပ်‌ရေးအဖွဲ့
(zawgyi)
၎) လာမည့်စာသင်နှစ်အတွက် စာရင်းပေးသွင်းခြင်း
လေးစားစွာဖြင့်